Queensland Courts - Court Info Logo
အကြောင်းအရာကို ရွေးပါ ဘာသာစကား ပြောင်းပါ X

အကြောင်းအရာကို ရွေးပါ

ဘာသာစကား ပြောင်းပါ

အခြားအဆင်ပြေစီစဉ်မှုများ

တရားရုံးများ၌ အထပ်တိုင်းတွင် အိမ်သာများ ရှိတတ်ပါသည်။ မသန်စွမ်းသူများအတွက် အိမ်သာအချို့ ရှိနိုင်ပါသည်။ အမှုအတွက်ပြင်ဆင်ခြင်းကဲ့သို့သော အထွေထွေအသုံးပြုရန် အခန်းအချို့လည်း ရှိပါသည်။ အကယ်၍ တစ်ဦးဦးက ထိုအခန်းတစ်ခုခုကို သုံးနေပါက ထိုအချိန်တွင် ထိုအခန်းကို သင် အသုံးမပြုနိုင်ပါ။

သင့်တွင် နားကြားခြင်းပြဿနာများ ရှိပါက၊ အမှုကြားနာချိန်တွင် ပြောဆိုနေသည်များကို ကြားနိုင်‌ရန် နားကြပ်ကဲ့သို့သော ပစ္စည်းကိရိယာများ ရှိနိုင်ပါသည်။ အကယ်၍ သင်သည် နားကြပ်တစ်ခု လိုအပ်မည်ဟု ထင်ပါက၊ ၎င်းကို စီစဉ်ပေးနိုင်သော မှတ်ပုံတင်ရုံးခန်းရှိအရာရှိထံ ပြောပြသင့်သည်။ တရားရုံးတွင် ရနိုင်ပါက သယ်ဆောင်နိုင်သော နားကြားကိရိယာကို အသုံးပြုနိုင်သည်။  ဤအကြောင်းနှင့်ပတ်သက်၍ တရားရုံးဝန်ထမ်းများအား မေးမြန်းနိုင်ပါသည်။

ဝက်ဘ်ဆိုက်တွင် တရားရုံးသို့သွားခြင်းအကြောင်းနှင့် တရားရုံးလုပ်ငန်းများအကြောင်း နောက်ထပ်အချက်အလက်များ ပါရှိပါသည်။ ၎င်းတွင် အခြားအထောက်အကူဖြစ်စေသော အရင်းအမြစ်များသို့ လင့်ခ်များစွာလည်း ပါရှိသည်။