Queensland Courts - Court Info Logo
အကြောင်းအရာကို ရွေးပါ ဘာသာစကား ပြောင်းပါ X

အကြောင်းအရာကို ရွေးပါ

ဘာသာစကား ပြောင်းပါ

တရားရုံးလုပ်ထုံးလုပ်နည်း

တရားရုံးသည် နည်းလမ်းတကျဖြစ်ပြီး တည်ကြည်လေးနက်သောနေရာ ဖြစ်ပါသည်။ လူတိုင်း တရားရုံးနှင့် တရားစီရင်ရေးစနစ်တို့ကို လေးစားကြောင်း ပြသသည့်နည်းဖြင့် ပြုမူနေထိုင်ကြရန် မျှော်လင့်ထားပါသည်။

ရာဇဝတ်တရားသူကြီး

ရာဇဝတ်တရားသူကြီး တရားခွင်သို့ ၀င်လာသည့်အခါတိုင်း သို့မဟုတ် ထွက်ခွာသည့်အခါတိုင်း မတ်တပ်ရပ်၍ ခေါင်းငုံ့ထားရပါမည်။ တရားခွင်သို့ ဝင်သည့်အခါတိုင်း၊ ကွင်းစလန်း၏ အမှတ်တံဆိပ်ကို ဦးညွှတ်ရသည်။ တရားသူကြီးအား “Your Honour” ဟု သုံးနှုန်းရမည်ဖြစ်ပြီး ရာဇဝတ်တရားသူကြီးက သင့်အား မိန့်ကြားတိုင်း မတ်တပ်ရပ်ရပါမည်။

တရားခွင်ကျင့်ဝတ်

တရားခွင်၌ရှိသူတိုင်းသည် တိတ်ဆိတ်စွာနှင့် ရိုသေမှု ရှိရန် မျှော်လင့်ထားပါသည်။ ရာဇဝတ်တရားသူကြီးက သင့်အား မခေါ်ပါက စကားမပြောရပါ။ အစာစားခြင်း၊ ဆေးလိပ်သောက်ခြင်း သို့မဟုတ် ပီကေဝါးခြင်း မပြုရပါ။

တရားခွင်၌ သင်ရှိနေချိန်တွင် သင့်ဖုန်းကို ပိတ်ထားရမည် သို့မဟုတ် အသံတိတ်ထားရမည်။ အမှုကြားနာခြင်းကို ဓာတ်ပုံရိုက်ခြင်း သို့မဟုတ် ရုပ်သံမှတ်တမ်းတင်ခြင်း မပြုရ။

ဝက်ဘ်ဆိုက်တွင် တရားရုံးသို့သွားခြင်းအကြောင်းနှင့် တရားရုံးလုပ်ငန်းများအကြောင်း နောက်ထပ်အချက်အလက်များ ပါရှိပါသည်။ ၎င်းတွင် အခြားအထောက်အကူဖြစ်စေသော အရင်းအမြစ်များသို့ လင့်ခ်များစွာလည်း ပါရှိသည်။